၁။ လွှတ်တော်ထဲမှာ ကိုယ့်သဘောနဲ့ကိုယ် လာထိုင်နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်ကနေ မောင်းထုတ်ဖို့ သင်အားနာနေပါသလား။
၂။ ဖက်ဒရယ်စနစ် ဖြစ်ထွန်းဖို့ ဗမာပြည်နယ်ဖွဲ့စည်းသင့်ကြောင်း ပြောရမှာကို သင်အားနာနေပါသလား။
၃။ စစ်အုပ်စုတွေ ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်ထားဆဲ၊ ကျူးလွန်ဦးမဲ့ ပြစ်မှုများကို ဖော်ထုတ်ဖို့၊ ဟန့်တားဖို့ သင်အားနာနေပါသလား။
၎။ စစ်တပ်၊ ဦးပိုင်၊ ခရိုနီတို့သိမ်းဆည်းထားသမျှကို ပြည်သူတို့ဆီ ပြန်ပေးဖို့ တောင်းဆိုသင့်ကြောင်း ဆန္ဒပြဖို့ သင်အားနာနေပါသလား။
၅။ ၂၀၀၈-ခုဥပဒေကို ချက်ချင်းပြင်ပါ၊ ဒါမှမဟုတ် အသစ်ပြန်ရေးဆွဲပါလို့ ပြောနေသူကို ထောက်ခံဖို့ သင်မဝံ့မရဲ ဖြစ်နေပါသလား။
၆။ သိန်းစိန်မျက်နှာ၊ သူရရွှေမန်းမျက်နှာတို့ကို မြင်တိုင်း ဒီလူတွေဟာ ၂၀၀၈-ဥပဒေကို ရေးဆွဲခဲ့သူများ ဖြစ်ခဲ့ကြတယ်၊ ၂၀၀၈-ဥပဒေကို ကာကွယ်ဖို့ အမျိုးမျိုးကြိုးစားနေကြတုန်းပဲ
ဒီထဲက တစ်ခုခုမှာ သင် ပါခဲ့ရင် သင်ဟာ ဖောက်ပြန်သူတစ်ဦး ဖြစ်နေပါပြီ။
By: munglai hkyet