ဘယ်မှာလဲ ခောင်းဆောင် (၂) (၃) (၄) (၅) ဘယ်မှာလဲ Plan (B) (C) (D) (E)။ နံပာတ်(၁) ခောင်းဆောင်ကို ဖမ်းလိုက်ရင် ဘယ်သူက ဆက်ခောင်းဆောင်မယ်၊ နံပာတ်(၁) အစီအစဉ် ပျက်သွားရင် ဘယ်လို အစီအစဉ် ဆက်သွားမယ် ဆိုတဲ့ အရာတွေကို မတွေ့ရဘူး။ ဒီလိုဆိုရင် ခင်ဗျားတို့က ထောက်ပာလိမ့်မယ် တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ် ရှိတယ်လို့။ မှန်တယ်။ တစ်ဗိုလ်ကျတော့မှ ကျန်တဲ့လူကို ဗိုလ်ကောက်တင် တက်ကြတာမျိုး လက်ပူတိုက် ဇာတ်လမ်းတွေ မဟုတ်ဘူးလားလို့ ပြန်မေးချင်တယ်။ လွတ်လပ်ရေး ခေတ်ကျတော့ရော သေချာ စနစ်တကျ ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ ကွန်မြူနစ်ပာတီဟာ သခင်သန်းထွန်း၊ သခင်စိုးလည်း မရှိရော အားနည်းသွားတော့တာပဲ။ ဒီနေရာမှာ သူတို့ ကိုယ်တိုင်က အပြတ်ရှင်းခဲ့လို့ အရည်အသွေးရှိတဲ့ ပာတီဝင်တွေ ပြတ်ကုန်တာကိုလည်း ထည့်တွက်ရမယ် ထင်ပာတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြန်မာတစ်နိုင်ငံလုံးကို စည်းရုံးနိုင်ခဲ့တယ်။ နိုင်ငံလွတ်လပ်ရေးရဖို့ အပြင်းအထန် ကြိုးစားနေတဲ့အချိန် လုပ်ကြံခံရတယ်။ သူနဲ့အတူ အရည်အချင်းရှိတဲ့ ခောင်းဆောင်တွေ အများအပြား ပာသွားတယ်။ ဦးနု တက်လာတယ်။ ဒီနေရာမှာလည်း ဗိုလ်ချုပ်မရှိရင် ဘယ်သူက သူ့နေရာကို ဆက်ခံပြီး ဦးဆောင်ဦးရွက် ပြုမယ်ဆိုတာ ကြိုတင် စီမံချက် ချခဲ့တာမျိုး မတွေ့ရပာဘူး။ သူလဲ သေသွားရော စိုင်ကှောလို့ ခြုံပှောရောက်ပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနု လက်ထက်မှာ တိုင်းပြည်ဟာ ဖရိုဖရဲ စဖြစ်တော့တာပာပဲ။
More++++Ndai kaw ya+++++++