ဇန်န၀ါရီ (၁၄) တနင်္လာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော လိုင်ဇာမြို့ပေါ်သို့ ဗမာအစိုးရ စစ်တပ်မှ ဇန်န၀ါရီ (၁၄) ရက်မနက် (၈း၁၅) နာရီ အချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာမြို့မှ အပြစ်မဲ့ ပြည်သူ နှစ် ဦး သေဆုံးသွားကြောင်း သတင်းကြားသိရပါသည်။ သေဆုံးသူများမှာ ခရစ်ယာန် သင်းထောက်ဆရာ ဦမလန်ယော်နှင့် ဦးအင်ခွန်ဘောက် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ပြည်သူလူထုများ နေထိုင်သော ရပ်ရွားများနှင့် ဒုက္ခသည်များ ခိုအောင်းရာ စခန်းများသို့ တမင်ချိန်ရွယ်ပစ်ခတ် ခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ အပေါ် ပြည်သူလူထု အမြင်စောင်းလာစေရန် ယခုကဲ့သို့ ပြည်သူလူထုကို ရည်ရွယ်ပစ်ခတ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။