Manga yunglat hte slam dat nngai
Mungmasa mahkawn re.
An hte a Wunpawng mungdan kata de ,tawt lai shang kabye rawng nga ai,Maigan hpyen mahkra hpe,
Atsai awai gawt shapraw kau nhtawm , mungshawa hta shadip jahpang nga ai wunpawng Gumrawng gum tsa mung dan ,Gaw sharawt shagrin da ai shani she wunpawng mungda ngwi pyaw simsa ai hte rau rawt galu gaba wa na re ngu ai hpe an hte da king dalang kam sham ga ai.
Wunpawng Mung Dan
Thursday, June 25, 2009
Myanmar asylum seekers find safe haven in Palau
Myanmar asylum seekers find safe haven in Palau/ By TOMOKO A. HOSAKA – Jun 14, 2009
KOROR, Palau (AP) — The newcomers on this tiny Pacific nation are young and in limbo, scared that they'll be arrested if they're sent back to their native land. Most speak no English, but they say they're astounded by the generosity of Palau and its people.
They are not the Chinese Muslims from Guantanamo who made world news last week when Palau's president said the country would take them. Instead, they are 11 asylum seekers from Myanmar — and they may offer the best idea what the freed detainees' new lives might be.
"They didn't know us," Aye Aye Thant, 34, the group's sole fluent English speaker and de facto spokeswoman, said Sunday. "We are not workers, and we don't serve their country. But we are treated as their own siblings."
Fearing arrest for their political activities, the 10 men and one woman fled military-run Myanmar to Malaysia and then to the Philippines, always moving on because they thought the countries might deport them. They had never heard of Palau, but friends suggested it. It also offered an attractive feature — visa-free entry.
They arrived in late February, and Palau has mobilized to protect them.
Once their money ran out, the local Roman Catholic church offered to house and feed them. On Monday, a senator — the president's younger brother — will take over, letting them stay at his farmhouse as they await word on their application for asylum.
"It's our age-old tradition to receive those in need whenever they somehow arrive on our shores," President Johnson Toribiong said in an interview with The Associated Press on Saturday. He said that idea is behind the decision to accept the Chinese Muslims, known as Uighurs, and rejected criticism that the move is somehow tied to U.S. aid.
The Myanmar asylum seekers say in tropical Palau, one of the world's smallest countries, they finally feel free.
"We were going to be arrested by the military government (in Myanmar)," said Aye Aye Thant, a former English teacher who openly opposes Myanmar's ruling junta.
She decided to leave after a family friend and police officer warned her father that she appeared on a government arrest list. She had made unauthorized trips to the Irrawaddy Delta region, hit hard by last year's Cyclone Nargis, to pass out donated supplies and money.
Her cousin Agganana, another asylum seeker who goes by one name, said he led various anti-government demonstrations at home.
All but one in the group, which includes two Buddhist monks, are members of the overseas offshoot of the National League for Democracy led by pro-democracy leader Aung San Suu Kyi. Suu Kyi currently is on trial on charges of violating terms of her house arrest by harboring an American who swam uninvited to her lakeside home.
In Palau, a tropical island nation of 20,000 people, local residents approach them from time to time, offering what they can to help.
Their main benefactor from the Catholic church, Father Rusk Saburo, stopped by Sunday afternoon to check on them before their move.
They immediately swarmed him, with smiles and greetings that transcended the language barrier.
Saburo, one of Palau's three Roman Catholic priests, said the church has been paying $500 a month for the apartment. It also has provided groceries and medical care.
"The goal of life for us is you help a stranger," he said, sitting between the two Buddhist monks. "No questions asked."
At their new home starting Monday, the men will help out on the senator's farm in return for housing. And Aye Aye Thant said she may be able to start teaching English informally.
Even though the group seems happy with their transition to Palau, Saburo admits he has concerns about the Uighurs' (pronounced WEE'-gurs) expected arrival. How will they fit in after a life spent largely in dry western China? Where will they live? What will they do?
Saburo said he must practice what he preaches, regardless of religion.
"Whether the president has other motives or not is another matter," he said. "For humanitarian purposes, I am a Christian, so I accept anybody who comes in peace. I'm sure a good number of my parishioners feel the same way."
Copyright © 2009 The Associated Press. All rights reserved.
Roman Catholic priest Rusk Saburo, center, speaks as Myanmar Buddhist monks Agga Na Na, left, and Pyinna Nanda listen during a meeting with The Associated Press in Koror, Palau, Sunday, June 14, 2009. A group of 11 asylum seekers fled their homes in Myanmar to Malaysia to the Philippines and finally found peace in Palau, a tiny Pacific nation that has mobilized to protect them.
By Anne Martinez
Friday, June 19, 2009
ဗမာ့ တန်ဖိုး
-ကျော်သိင်္ခ-
မနေ့က အွန်လိုင်းပေါ်မှာ မလေးရှားက မိတ်ဆွေ တစ်ယောက် နှင့် တွေ့လို့
စကားပြောဖြစ်ခဲ့ကြပါသည်။ ဘယ်ဈေးပေါက်နေလဲ ဟုမေးကြည့်ရာ ရောင်းဈေး ၃၀၀၊
ပြန်တက် ၂၂၀၀၀၊ တစ်ဆင့်ပြန်ရောင်း ၄၀၀၀၀ လို့ ဆိုပါတယ်။ ကျနော်တို့ပြောနေကြတာ
ကုန်ပစ္စည်း ဈေးနှုန်းမဟုတ်ပါ။ မလေးရှား နှင့် ထိုင်းနိုင်ငံမှာရှိတဲ့
လူကုန်ကူးမှု ဈေးကွက် မှာ ဗမာတစ်ယောက် ရဲ့
တန်ဖိုး (တစ်နည်းအားဖြင့်) ဗမာတစ်ယောက်၏ ပေါက်ဈေးဖြစ်ပါသည်။
ကျနော့်မိတ်ဆွေမှာ လူပွဲစားတစ်ယောက် မဟုတ်ပါ။ သူက မလေးရှား နိုင်ငံတွင်
နေလာခဲ့သည်မှာ ၁၃ နှစ်ကျော်ပြီ။ မလေးစကားကိုလည်း ကောင်းကောင်းပြောနိုင်သည်။ သူ
နှင့် ကျနော် ကွာလာလမ်ပူရှိ လူမှုရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်စဉ်က
သိကျွမ်းခဲ့ကြသည်။ ထိုစဉ်က သူလုပ်နေသော အလုပ် အလုံးစုံ ကို ကျနော်မသိခဲ့ပါ။
နောင်အခါ ကျနော် နေစရာ အခက်အခဲဖြစ်သောအခါတွင် သူ့အိမ်တွင်လိုက်နေမှ
သူလုပ်နေသည့်အလုပ်ကို ကောင်းကောင်းသိခဲ့ရသည်။
(ဤနေရာတွင် မလေးရှား နိုင်ငံရှိ တရားမ၀င် ဗမာအလုပ်သမားများအကြောင်းကို
အကျယ်တ၀င့် ရေးမနေတော့ပါ။ သတင်းဌာန အတော်များ များတွင် အခြားသူများလည်း
ရေးနှင့်ခဲ့ပြီးသောကြောင့်ဖြစ်ပါသည်။)
ကျနော့်မိတ်ဆွေသည် မလေးရှားရှိ သူနှင့် နီးစပ်သော တရားမ၀င်အလုပ်သမားများ
(သို့မဟုတ်) အခြားအလုပ်သမား တစ်ယောက်ယောက် အလုပ်မရှိလျှင် သော်လည်းကောင်း၊
ရဲအဖမ်းခံရလျှင် သော်လည်းကောင်း၊ သူဋ္ဌေး ညစ်လျှင်သော်လည်းကောင်း လိုက်လံပြီး
ဖြေရှင်းပေးပါသည်။ အကယ်၍ အလုပ်သမားတစ်ဦးဦး ထောင်ကျ၍ ထိုင်းနယ်စပ်ရှိ
ပွဲစားများထံ ရောင်းစားခံရသောအခါ၊ ထိုအလုပ်သမားက ဗမာပြည်သို့ မပြန်ဘဲ
ကွာလာလမ်ပူသို့ ပြန်တက် လာချင်သောအခါ ကျနော့်မိတ်ဆွေက သူတတ်စွမ်းသ၍
ကူညီဆောင်ရွက်ပေးသည့် အလုပ်ကို လုပ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ Volunteer
အလုပ်ဟု ဆိုရမည်။ တစ်ခါတစ်ရံ ကိုယ့်အိပ်ထဲက စိုက်ကုန်ရသည်များလည်း ရှိသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားတစ်ယောက်အဖမ်း ခံရသည်ဆိုပါစို့။ ပထမ
ဦးစွာ ရဲက ထိုအလုပ်သမားအား ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် မေးခွန်းများ
စစ်ဆေးမေးမြန်းခြင်းခံရမည်။ အကယ်၍ တရားရုံးတင်၍ စွပ်စွဲ
စစ်ဆေးမေးမြန်းခြင်းခံခဲ့ရလျှင်၊ အဆိုပါ အလုပ်သမားထွက်ဆိုသည့်အရာများကို
သက်သေအဖြစ် ယူဆနိုင်သည်။ အကယ်၍ ထိုအလုပ်သမား အား ရဲက ရက်ပေါင်း (၁၄) ရက်ထက်
ကျော်ပြီး ချုပ်ထားလိုပါက၊ သူတို့သည် တရားရုံး (အောက်ရုံးရှိ) တရားသူကြီးထံမှ
ခွင့်ပြုချက် ရယူရပါမည်။ ရဲစခန်းတွင် ထိမ်းသိမ်းခံနေရစဉ်အတွင်း
ထိုအလုပ်သမားအတွက် ဖြစ်နိုင်ခြေသုံးခုမှာ (ငွေကြေးနှင့်ဖြေရှင်း၍ရလျှင်) ရဲက
လွှတ်ပေးမည်၊ ဒုတိယတစ်ခုမှာ (ငွေကြေးနှင့် ဖြေရှင်း၍ မရလျှင်) တရားရုံးတင်၍
စစ်ဆေးမည်။ နောက်ဆုံးတစ်ခုမှာ လ၀က ထိန်းသိမ်းရေးစခန်း (immigration camp)
ထဲသို့ ပို့မည်။
အကယ်၍ တရားမ၀င်အလုပ်သမား တစ်ဦးအား ရုံးတင်စစ်ဆေးခဲ့သော်……..
တရားရုံး (အောက်ရုံး၌) UNHCR (သို့) လူမှုရေးအဖွဲ့အစည်းတစ်ခုခုသို့
အကြောင်းကြားရမည်။ (မှတ်ချက်။ ။ မြန်မာသံရုံးမပါ။) UNHCR နှင့် အဖမ်းဆီးခံရသူ၏
အသိမိတ်ဆွေအသိုင်းအ၀ိုင်းကို ဆက်သွယ်၍ မရခဲ့လျှင် အောက်တရားသူကြီးရုံးအား UNHCR
ရုံးသို့ ဆက်သွယ်ဖို့ရန် ခွင့်တောင်းရမည်။ မိမိအား ကူညီပေးမည့်
ရှေ့နေတစ်ဦးဦးကို ဥပဒေအကျိုးတော်ဆောင် ဋ္ဌာနတွင် အကူအညီတောင်းခံမည်။ မလေးဘာသာ
စကားကို နားမလည်လျှင် စကားပြန် တစ်ယောက်ကို အကူအညီတောင်းခံမည်။ မိမိသည်
မိသားစုကို ကြည့်ရှုသူဖြစ်ကြောင်း၊ ငွေကြေးအခက်အခဲ နှင့်
ကျန်းမာရေးအခြေအနေများကို တရားသူကြီးထံပြောပြရမည်။ မိမိ၏ ရပိုင်ခွင့်နှင့်
အခွင့်အရေး ကို ကာကွယ်ရန် တရားသူကြီးတွင် တာဝန်ရှိသည်ဆိုသည်ကို သိထားရမည်။
အကယ်၍ တရားရုံးက မိမိသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကြောင်း
စွပ်စွဲခံရလျှင် (မည်သည့်အခြေအနေဖြစ်နေပါစေ) မှားပါသည် ဟု (ထိုကဲ့သို့
အဓိပ္ပါယ်သက်ရောက်စေသည့် စကားဖြင့်) ၀န်မခံသင့်ပါ။ တရားရုံးတွင်
စွဲချက်တင်ခြင်းခံရသည့် အမှုနံပါတ်နှင့် ဖြစ်နိုင်ပါက စွဲချက်မိတ္တူကို
တောင်းယူရမည်။ နောက်ဆုံး စီရင်ချက် ချမှတ်လျှင် ထောင်ဒဏ် (သို့) ငွေဒဏ် (သို့)
ကြိမ်ဒဏ် တစ်ခုခု ဖြစ်နိုင်သည်။ စီရင်ချက်ချ မှတ်လျှင် စီရင်ချက်ကို
အသနားခံရမည်။ ကြိမ်ဒဏ်မပေးရန်တောင်းဆိုရမည်။
အထက်ပါ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးခံရသည့် တရားမ၀င်
အလုပ်သမားတစ်ယောက် သိထားရမည့်အချက်များ ဖြစ်ပါသည်။ ထို့နောက် စီရင်ချက်သည်
ထောင်ဒဏ်ဖြစ်သည် ဆိုပါစို့။ ထိုအလုပ်သမားသည် ထောင်ထဲတွင် တစ်လ မှ လေးလ လောက်အထိ
ဖမ်းဆီးထိန်းသိမ်းခံရမည်။ ထိုအတောအတွင်း ထို အလုပ်သမားအား ထောင်အာဏာပိုင်များက
ထိုင်းနယ်စပ်တွင် သွားရောက်စွန့်ပစ်ခံရန် လက်ခံနိုင်၊ လက်မခံနိုင်ကို မေးမည်။
ထိုအခါ ထောင်တွင်းတွင် အစာရေစာ ၀၀ လင်လင် မစားရ၍ သော်လည်းကောင်း၊ ထောင်ထဲရှိ
အခြား နိုင်ငံသားများ (အင်ဒိုနီးရှား နှင့် ဘင်္ဂလား ကုလားများ) ၏ အနိုင်ကျင့်
ထိုးကြိတ်ခြင်းကို မခံနိုင်ကြ၍ သော်လည်းကောင်း၊ စွန့်ပစ်မည့် အစီအစဉ်ကို
လက်ခံကြ သည့်သူများသည် ရောင်းစားခြင်းကို ခံကြရသည်။ တစ်နည်းအားဖြင့် ဆိုသော်
လူကုန်ကူးခြင်းကို ခံကြရသည်။ စွန့်ပစ်ဖို့ လက်မခံသူများသည် ထောင်ထဲတွင် UNHCR
မှ အရာရှိများ လာရောက် ကယ်ထုတ်နိုင်မည့် နေ့ကို စောင့်ရင်း နှစ်ပေါင်းများစွာ
ထောင်ထဲ၌ပင် ဒုက္ခ ဆက်လက်ခံကြရသည်။ ယခင်က UN မှ အရာရှိများက ထောင်သားများကို
လာရောက်ပြီး ကယ်တင်၊ ထုတ်ယူခွင့် ရှိသော်လည်း၊ ယခုတွင် UNHCR အား
မလေးအာဏာပိုင်များက ထောင်းတွင်းသို့ သွားရောက်လည်ပတ်ခွင့် မပေးတော့ပါ။ မိမိတွင်
ထောင်ဝင်စာ လာတွေ့မည့်သူရှိလျှင် အနည်းဆုံး တစ်လ တစ်ခါတော့ အူစို
(ဖွယ်ဖွယ်ရာရာလေး စားကြရသည်) ကြရသည်။
ဗမာ ကျွန် သမိုင်းအစ
၁၉၉၅/၉၆ လောက်ကဖြစ်သည်။ မလေးရှား နိုင်ငံတွင် ဗမာအလုပ်သမားများ
ဗီဇာသက်တမ်းကျော်ပြီး စတင် နေထိုင်စ ကာလ ကဖြစ်သည်။ မလေးအစိုးရက
ဗမာနိုင်ငံသားတွေ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သည့် ကိစ္စနှင့် ပက်သက်၍
ဗမာအစိုးရကို ဆွေးနွေးရာ၊ ဗမာအစိုးရက မလေးရှားနိုင်ငံတွင် တရားမ၀င်
အလုပ်လုပ်နေသော ဗမာများသည် ဗမာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်နေသော
ပြည်ပြေးများသာဖြစ် ကြောင်း၊ ထို့ကြောင့် ဗမာ အစိုးရတွင် တာဝန်မရှိကြောင်း
ငြင်းလိုက်သည့်အတွက်၊ ထိုအချိန်ကစပြီး မလေးရဲတွေက ဗမာတွေကို ဖမ်းမိသည့်အခါ
ထိုင်း-မလေးရှား နယ်စပ်တွင် သွားလွှင့်ပစ်ပါတော့သည်။ ၉၉/၂၀၀၀ လောက်က စပြီး၊
မလေးရဲတွေက ဖမ်းမိတဲ့ ဗမာတွေကို ထိုင်းရဲလက်ထဲကို အပ်ပါသည်။ ထိုင်းရဲတွေက
တစ်ဆင့် ထို ဗမာများကို ရနောင်း ဘက်တွင် သွားလွှင့်ပစ်ပါသည်။ တရားမ၀င်
ဗမာအလုပ်သမား စွန့်ပစ်ရေးကိစ္စနှင့် ပက်သက်ပြီး မလေးအာဏာပိုင်များ နှင့်
ထိုင်းအာဏာပိုင်တို့အကြား သဘောထား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း
မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ကို သွားပစ်ပါသည်။ အဲဒီ နောက်ပိုင်း ၂၀၀၇
ခုနှစ် နှစ်ဦးပိုင်းက စပြီး မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ရှိ
ပွဲစားတွေလက်ထဲကို ရောင်းပါတော့သည်။ ထို အချိန်မှ စပြီး၊ ထိုင်း နှင့် မလေး
နယ်စပ်တို့တွင် လူကုန်ကူးမှုသည် တစ်စတစ်ခု ကြီးထွားလာကာ ဗမာကျွန်ရောင်းဝယ်ရေး
စနစ်သည်လည်း အသက်ဝင်လာခဲ့သည်။
မိမိအား ထိုင်း - မလေးရှား နယ်စပ်တွင် စွန့်ပစ်ရန် သဘောတူကြသည့်သူများကို
မလေးရဲက ထိုင်း နယ်စပ်တွင်ရှိသော ထိုင်း ပွဲစားများထံ မလေးရင်းဂစ် ၃၀၀ နှင့်
ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် ဗမာ အပါအ၀င်၊ တိုင်းရင်းသား
ပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။
ထိုပွဲစားများ လက်ထဲသို့ရောက်သွားပါက ရွေးချယ်ရန် လမ်းနှစ်လမ်းထဲမှ တစ်လမ်းကို
ရွေးနိုင်သည်။ ပထမ တစ်ခုမှာ ဗမာပြည်ကို ပြန်မလား၊ သို့မဟုတ်၊ ကွာလာလမ်ပူသို့
ပြန်တက်မလား။ ဗမာပြည်သို့ ပြန်မည်ဆိုလျှင် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ရန်
ဗမာပြည်ရှိ မိမိ၏ မိသားစု (သို့မဟုတ်) ဆွေမျိုးများအား ပွဲစားက
အကြောင်းကြားပေးမည်။ ကွာလာလမ်ပူသို့ ပြန်တက်မည်ဆိုလျှင် မိမိအား ပွဲစားလက်ထဲမှ
ထိုင်းဘတ် ၂၂၀၀၀ နှင့် ၀ယ်ရန် မလေးရှိ မိမိ၏ မိတ်ဆွေ တစ်ဦးဦးအား ပွဲစားက
ဆက်သွယ်ပေးမည်။ ပိုက်ဆံလွှဲရန် ၄င်း၏ ဘဏ်စာရင်း နံပါတ်အားပေးလိုက်မည်။ ၂၂၀၀၀
ရပါက ပွဲစားက မိမိအား အခြားပွဲစား တစ်ဦးဦးလက်သို့ အပ်ကာ ကွာလာလမ်ပူ
အထိအရောက်ပို့ပေးမည်။ ယခင်က ကွာလာလမ်ပူသို့ ပြန်တက်လျှင် ထိုင်းဘတ် ၁၅၀၀၀
ပေးရသော်လည်း၊ ယခုအခါ ဘတ် ၂၂၀၀၀ အထိ ပေးကြရကြောင်း၊ ရောင်းစားခံခဲ့ကြရသော
ဗမာအလုပ်သမားများ ထံမှ သိရသည်။ ထို လမ်းကြောင်း နှစ်ခု ထဲမှ တစ်ခုခုအား
ရွေးချယ်ရန် ပွဲစားက ရက်အနည်းငယ် အချိန်ပေးမည်။ သို့သော် မိမိအား ၄င်းလက်ထဲတွင်
ကြာကြာထားမည်မဟုတ်။ ရက် အကန့်အသက်ဖြင့်သာ။ ထိုရက်ကျော်သွားပါက ထိုင်း
နိုင်ငံတွင်းရှိ ရာဘာခြံတစ်ခုခု သို့ ဗမာတစ်ယောက် ကို ကျွန်အဖြစ် ထိုင်းဘတ်
၄၀၀၀၀ ဖြင့် ရောင်းစားမည်။
ကွာလာလမ်ပူသို့ ပြန်တက်မည့်သူများသည် ထောင်တွင်း၌ရှိနေစဉ်ကတည်းက မိမိအား
စွန့်ပစ်ရန် သဘောတူညီပြီးသော်၊ မိမိမိတ်ဆွေမှ နောက်တစ်ကြိမ်ထောင်ဝင်စာ
လာတွေ့ပါက မိမိအနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက်တွင် မလေးနယ်စပ်သို့စွန့်ပစ်
(ရောင်းစား) ခံရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပွဲစားလက်ထဲမှ မိမိအား
ပြန်ဝယ်ပေးပါရန်၊ မိမိမိတ်ဆွေတွင် ငွေကြေးအလုံအလောက်မရှိပါက စုပေါင်း စပ်ပေါင်း
ချေးငှားပြီး မဖြစ်ဖြစ်သည့်နည်းနှင့် ၀ယ်ပေးပါရန် ပြောရတော့သည်။ ထိုအခါ
သူ့အလှည့်၊ ကိုယ့်အလှည့် ဆိုတာ ရှိသည့်အတွက် ကြောင့် အလုပ်လုပ်နေသော
(အဖမ်းဆီးမခံရသေးသော၊ မိမိတို့လည်း တရားမ၀င် အလုပ်လုပ်နေကြရသော) အလုပ်သမားများက
စာနာထောက်ထားစွာ ၀ိုင်းဝန်းကူညီကြသည်။ သို့သော် အချို့က ကူညီချင်သော်လည်း
အလုပ်အကိုင်က အဆင်မပြေ (ယခု အချိန်အခါမျိုးသည် အဆိုးဆုံးအခြေအနေဖြစ်ပါသည်)။
ထိုအခါမျိုးတွင် ရော်ဘာခြံသို့ ဘတ်လေးသောင်း ဖြင့် ရောင်းစားခံကြရသည်။
ရာဘာခြံသို့ရောက်သော် ထိုင်းသူဋ္ဌေးက မျက်နှာသာမပေး။ ရာဘာခြံမှ
ထိုင်းအလုပ်သမားများက မကျေနပ်။ အဘယ်ကြောင့်ဆိုသော် (ရောင်းစားခြင်းမခံရသော)
သာမန် အလုပ်သမားတစ်ယောက် ရာဘာခြံတွင် အလုပ်ရပါက ထိုအနေရာတွင်ပင် အလုပ်အကိုင်
အခြေတကျဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။
ဝင်ငွေလည်းမှန်သည်။ ထိုအခါ အခြားသူများလည်း အလုပ်လာလျှောက်ချင်ကြသည်။ သို့သော်
ရာဘာခြံတစ်ခြံမှာ ရာဘာခြစ်သည့် အလုပ်ရရန်မှာ မလွယ်ကူပါ။ အလုပ်ရလျှင်လည်း နှစ်
နှင့်ချီပြီး စားပေဦးတော့။ ထိုအခါ ထိုင်းနိုင်ငံတွင် ရာဘာခြံများ၌
ထိုင်းအလုပ်သမားများအကြား၊ ဗမာ အလုပ်သမားများအကြား၊ ထိုင်း နှင့်
ဗမာအလုပ်သမားများအကြား ခြံလုသော ပြဿနာ ကြီးထွားလာသည်။ မိမိရာဘာ ခြစ်သည့်
ခြံအတွင်း ရာဘာစေးခံသည့် ခွက်ထဲ၌ သေနတ်ကျည်တစ်တောင့် လာထည့်ထားသည်ကို တွေ့ပါက
ပြေးပေတော့။ သို့မဟုတ်ပါက မကြာမီ အသတ်ခံရမည်။ ရာဘာခြံ အလုပ်သမားများသည်
ရာဘာခြစ်ရန် မနက် ၂ နာရီ၊ ၃ နာရီ ထပြီး ခြစ်ကြရသည်။ ရာဘာစေး က
အေးသည့်အချိန်တွင် ထွက်သည့်အတွက်ကြောင့်ဖြစ်သည်။ မနက် မိုးလင်းလျှင် ရာဘာစေးက
သိပ်မထွက်တော့။
မနက်စောစောစီးစီး အလင်းရောင်က မလာသေး။ မိမိတွင်ပါလာသော မှိန်ဖျဖျ
မီးအိမ်ကလေးဖြင့် တစ်ယောက်တစ်နေရာတွင် နေရာခွဲပြီး ရာဘာခြစ်ကြရသည်။
တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန်မျိုးတွင် ရာဘာခြံတွင်း
လူသတ်မှု အဖြစ်များသည်။ မနက်မိုးလင်းသော် မိမိအဖော် ပါမလာ၍ ဟိုရှာ၊ သည်ရှာ၊
ရှာတော့မှ အလောင်းကို ချောင်းစပ်၊ မြောင်းစပ်တွင် သွားပစ်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် အခေါက်က ကျနော် ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီ ထမရတ်ခရိုင်၊
နာဘွန်မြို့က ဗမာအလုပ်သမားများ နေထိုင်ရာ ရာဘာတော သို့ အလည်သွားခဲ့စဉ်က၊ ကျနော်
ထိုနေရာသို့ မရောက်မီ တစ်ပတ်အလိုတွင် အလားတူ လူသတ်မှုတစ်ခု
ဖြစ်ခဲ့သည်ကိုကျနော်နှင့် အတူနေခဲ့သူ ရာဘာခြံအလုပ်သမားတစ်ဦးကပြောပြ၍
သိခဲ့ရသည်။
ထိုအခါ အထက်တွင်ရေးခဲ့သလိုမျိုး ရောင်းစားခံထားရသော ဗမာ အလုပ်သမားတစ်ယောက်
(ဗမာကျွန်တစ်ယောက်)က မိမိအလုပ်လုပ်နေ သော ရာဘာခြံအတွင်း ရာဘာစေးခွက်ထဲ၌
ကျည်ဆန်တစ်တောင့် ကိုတွေ့၍ ထွက်မပြေးခဲ့သော်၊ အသက်အန္တရာယ် အတွက် စိုးရိမ်ရသည်။
ထွက်ပြေးခဲ့သော် ငွေဝယ်ကျွန်ဖြစ်သည့်အတွက် သူဋ္ဌေးက ရန်ရှာမည်။ ရွေးစရာ လမ်းမရှိ၊
ပြေးစရာ မြေမရှိ။ ခေတ်သစ် ကျွန်ပိုင်ရှင်စနစ် မှ ဗမာကျွန်များ၏ ဘ၀က
ဆိုးဝါးလှသည်။
ကျွန် ချင်းတူသော်လည်း တန်ဖိုးချင်းမတူ
အောက်မှာ ဖော်ပြထားတဲ့ သတင်းစာ အပိုင်းအစလေး ကို ဖတ်ကြည့်စေချင်ပါသည်။ ကျနော်
မလေး မှာ ရှိစဉ်တုန်းက ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် New Straits Times
သတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်းလေးတစ်ပုဒ်ပါ။ တစ်နေ့ ဒီဆောင်းပါးကို
ရေးမယ်လို့ စိတ်ကူးထားသည့်အတွက် အဲဒီ သတင်းလေးကို ဖြတ်ပြီး သိမ်းထားခဲ့တာပါ။
အောက်မှာ သတင်းကို ဘာသာပြန်ပေးထားပါတယ်။
ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို ရဲ့ သူသားချင်း စာနာမှု ပြယုဂ်
ဆော်ဒီ အာရေဗီးယား နိုင်ငံကနေ သေဒဏ်ပေးထားခံရခြင်းမှ လွတ်မြောက်လာသူ ဖိလစ်ပိုင်
အိမ်ဖော် ဆာရာ ဒီမတ်ထရာ (ပုံ - ညာ) ကို ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယိုက
မနေ့က (၁၀.၅.၂၀၀၇) မနီလာရှိ မာလကန်နန် သမ္မတနန်းတော်မှာ ဆော်ဒီ အစိုးရထံမှ
လွှဲပြောင်း လက်ခံယူလိုက်ပါတယ်။ ဆော်ရီအာရေဗီးယား နိုင်ငံတွင် အိမ်ဖော်အဖြစ်
အလုပ်လုပ်နေသူ ဆာရာဟာ ၁၉၉၂ ခုနှစ်က သူမရဲ့ အလုပ်ရှင် သူဋ္ဌေးအမျိုးသမီးကို
တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့အတွက် သေဒဏ်ပေးထားခြင်းခံရပြီး၊ ထောင်ထဲမှာလည်း ၁၅
နှစ်ကြာ ချုပ်နှောင်ထားခြင်းခံရပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမ
(ဒီမတ်ထရာ) မှာ လေးနှစ်အရွယ် သမီးလေးရှိပါတယ်။ ဆော်ဒီ အာရေဗီးယား နိုင်ငံရဲ့
ဥပဒေအရ ကလေးဖြစ်သူ အသက်၁၈ နှစ် မပြည့်ခင်မှာ မိခင်ဖြစ်သူကို သေဒဏ်ပေးခွင့်
မရှိသေးပါဘူး။ အာရိုယိုဟာ ဆော်ဒီ ဘုရင် အဗ္ဗဒူလာ နဲ့ ပြီးခဲ့တဲ့နှစ် (၂၀၀၆)
မေလမှာ တွေ့ဆုံပြီး၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာရှိတဲ့
ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုဟာ
သေဒဏ်ချထားခြင်းခံရသူ ဒီမတ်ထရာ အတွက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုတစ်ခု
ဖြစ်ခဲ့ပါတယ်။
အသတ်ခံရသူ သူဋ္ဌေးမ မိသားစုက ဖိလစ်ပိုင်အစိုးရအား တရားခံ ဒီမတ်ထရာ ရဲ့ ပြစ်ဒဏ်ကို
ရုပ်သိမ်းပေးဖို့ဆိုရင် ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်း (မလေးငွေ ရင်းဂစ် ၃.၎
သန်း) ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့
ငွေကြေးလှူဒါန်းမည့်သူအချို့က ထိုအချက်ကို သဘောတူညီပြီး လူ့အသက်တစ်ချောင်း
ကယ်တင်ရေးလှူဒါန်းငွေတစ်ရပ်အနေနဲ့ တရားလို မိသားစုကို ဖိလစ်ပိုင်ငွေ ပီဆို ၄၈
သန်းကို ပေးလိုက်ပါတယ်။ ထို လှူဒါန်းငွေ ၄၈ သန်းထဲက ပီဆို ၈ သန်းကို
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေက စုပေါင်းလှူဒါန်း
တာဖြစ်ပြီး၊ ပီဆို တစ်သန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတွေက
လှူဒါန်းတာဖြစ်ပါတယ်။ သမ္မတာ အာရိုယို ရဲ့ ဆော်ဒီ ခရီးစဉ် အပြီးမှာ၊ ဆော်ဒီ
အာရေဗီးယား နိုင်ငံက ဖိလစ်ပိုင်အလုပ်သမား တစ်ထောင်ကို သူတို့ရဲ့အလုပ်ရှင်တွေက
အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာ တွေကြောင့် ဖိလစ်ပိုင် နိုင်ငံကို
ပြန်ပို့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန က အတွင်းရေးမှူးဖြစ်သူ
အာတူရို ဘရီယွန် က မကြာသေးမီက ပြောပြခဲ့ပါတယ်။
အထက်ဖော်ပြပါ သတင်းကို ဖတ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်သူရဲ့ မိမိ
လူမျိုးအပေါ် (အိမ်ဖော်ပင် ဖြစ်လင့်ကစား) လူလူချင်း တန်ဖိုးထားတယ် ဆိုတာ
ပေါ်လွင်နေပါတယ်။ နောက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုလည်း
တွေ့ရမှာပါ။ ဒီမတ်ထရာ ဆိုသူ အိမ်ဖော်ရဲ့ တန်ဖိုး နဲ့ ထိုင်း - မလေးနယ်စပ်မှာ
ရောင်းစားခံနေရတဲ့ ဗမာကျွန်တွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ
အခြေအနေနှစ်ရပ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါပြီ။
ကျွန် ဆိုရာ၌ စိတ်ပိုင်းဆိုင်ရာ ကျွန် နှင့် အခြေအနေအရ ကျွန်ဟူ၍ နှစ်မျိုး
နှစ်စား ခွဲပြီးပြောချင်ပါသည်။ အထက်ဖော်ပြပါ ကျွန်အမျိုးအစားမှာ မိမိ ၏
စားဝတ်နေရေးအခြေအနေအရ သူများထံတွင် ကျွန်ခံပြီး အလုပ်လုပ်နေရသော သူများသာ
ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျွန်ဆိုသည်မှာ မိမိလူမျိုးအချင်းချင်း ဖိနှိပ်၊
ညှဉ်းဆဲသူ။ လွတ်မြောက်နိုင်သည့် လမ်းကြောင်း ကို မရှာဖွေချင်သူ။ မရှာဖွေသူ။
တစ်နေရာထဲတွင် မှီခိုကာ လွတ်မြောက်ရေးလမ်းကို မရှာဖွေသူသည်လည်း
စိတ်ဓာတ်ရေးရာအားဖြင့် ကျွန်စိတ်ဓာတ်ဟု ဆိုချင်ပါသည်။ ရှင်းရှင်း ဆိုရသော်
လွတ်လမ်းမရှာဘဲ မှီခိုချင်သည့် စိတ်ဓာတ်သည် ကျွန်စိတ်ဓာတ်သာလျှင်ဖြစ်သည်။ ဗမာ
ကျွန်ရှိနေသ၍၊ ကိုယ်သည် ဗမာတစ်ယောက် (ဗမာနိုင်ငံဖွား) တစ်ယောက် ဖြစ်နေသ၍
ကိုယ်လည်းဘဲ ကျွန်မျိုး၊ ကျွန်နွယ်ဝင်ဖြစ်နေမည်။ ထို့ကြောင့်
မိမိလူမျိုးအချင်းချင်း စာနာထောက်ထား၍၊ အားလုံးဝိုင်းဝန်း၍ ဗမာကျွန်စနစ်
ပပျောက်သွားအောင် ၀ိုင်းဝန်းကြိုးပမ်းကြမှသာ ဗမာကျွန် ဟူသော
စကားလည်းပပျောက်သွားမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
ကျော်သိင်္ခ
တစ်လက်စ တည်း ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ကဗျာလေးကိုလည်း
ဖတ်သွားစေချင်ပါသည်။ ရင်ကို ကိုင်လှုပ်သော ကဗျာတွေထဲက တစ်ပုဒ်ပါ။
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
(ကောင်းကင်ကို)
Monday, June 15, 2009
Guam zin lawng du myen mung tsin yam ni a lam mu hti
မိုးမခ အထောက်တော် ၀၀၄
ဇွန် ၁၄၊ ၂၀၀၉ Palau ကျွန်းနိုင်ငံ မြို့တော်ဟောင်း Koror တွင် ယနေ့ တွေ့ရသော မအေးအေးသန့် နှင့် မြန်မာပြည်သားများ။ (ဓာတ်ပုံ - AP)
ယခင်က ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ အရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူမှုများ ရေပန်းစားခဲ့သည်။ ယခုအခါ အလားတူ ကျွန်းတခု ထပ်မံ ပေါ်ပေါက်လာပြီဟု ယူဆဖွယ် ဖြစ်နေသည်။
မြန်မာပြည်သား ၁၁ ဦးသည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ Palau ကျွန်းနိုင်ငံတွင် ရောက်ရှိနေပြီး ထိုမှတဆင့် သြစတေးလျနိုင်ငံသို့ သွားရောက် ခိုလှုံရန် စီစဉ်နေသည်ဟု www.mvarietynews.com ရှိ သတင်းတပုဒ်တွင် ဇွန်လ ၈ ရက်နေ့က ရေးသားထားသည်။
၎င်းတို့သည် မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှတဆင့် အဆိုပါ ကျွန်းနိုင်ငံငယ်သို့ ရောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို ၁၁ ဦးတွင် မအေးအေးသန့် အမည်ရှိ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁၀ ဦး ပါဝင်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။
ထို ၁၁ ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်များအဖြစ် ရောက်ရှိလာကြောင်း၊ နောက်ပိုင်းတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ကြောင်း Palau ကျွန်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦးက ပြောသည်။
ထို ၁၁ ဦးကို အထူးနေထိုင်ခွင့် ပေးထားကြောင်း၊ ၎င်းတို့ကို စစ်ဆေးရန် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) အရာရှိတဦး ၎င်းတို့ထံ မကြာမီ သွားရောက်မည်ဟု ဆိုသည်။
ထိုကျွန်းနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ အနီး တည်ရှိသည်။ ၂၀၀၇ ခုနှစ် စာရင်းများအရ လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်ဟု သိရသည်။
၁၉၉၅ ခုနှစ် မြန်မာပြည်သား အများအပြားသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ သွားရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူခဲ့ကြသည်။ ဂူအမ်ကျွန်းသည် အမေရိကန် ပြည်ထောင်စု၏ အစောင့်ရှောက်ခံ ကျွန်း ဖြစ်သည်။
ယခုအခါ မြန်မာပြည်သား အများအပြားသည် ထိုင်း၊ မလေးရှား၊ အိန္ဒိယ နိုင်ငံများသို့ သွားရောက်ပြီး ဒုက္ခသည် အဖြစ် ခိုလှုံခွင့် တောင်းခံလျက် ရှိသည်။
ထိုကျွန်းနိုင်ငံငယ်သို့ လေယာဉ်ခရီးဖြင့် သွားရောက်နိုင်ပြီး အနီးဆုံးလမ်းမှာ ဖိလစ်ပိုင်နိုင်ငံမှတဆင့် သွားရောက်သောလမ်း ဖြစ်သည်။ (www.visit-palau.com)
Palau ကျွန်းနိုင်ငံရောက် မြန်မာပြည်သား ၁၁ ဦး (ဓာတ်ပုံ - AP )
Saturday, May 30, 2009
Mizzimz news kaw hti yu ga
| မလေး ထိန်းသိမ်းရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ |
| ကိုဝိုင်း |
| သောကြာနေ့၊ မေလ 29 2009 17:42 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးဆိုင်ရာ ပုံမှန် ကာကွယ်ကုသ စစ်ဆေးမှုများ ပြုလုပ်ရန် အရေးပေါ် လိုအပ်နေကြောင်း မလေးရှားအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသည့် ပူးတွဲအဖွဲ့တခုက ယနေ့ပြောသည်။ Juru လူဝင်မှု ကြီးကြပ်ရေးဌာန၏ တရားမဝင် ဝင်ရောက်လာသူများကို ထိန်းသိမ်းသော စခန်း၌ မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုအပေါ် အခြေခံ၍ ပူးတွဲအဖွဲ့ Network of Action for Migrant in Malaysia (NAMM) က ပြောဆိုခြင်း ဖြစ်သည်။ “Human Rights Commission of Malaysia အနေနဲ့ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီး ခိုင်မာတဲ့ ရလဒ်တွေ ထုတ်ပြန်ပေးရမယ်။ ပြီးတော့ ထိန်းသိမ်းရေးစခန်း အားလုံးရဲ့ သန်ရှင်းရေးနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု ပိုပြီး ကောင်းမွန်လာဖို့အတွက် အထောက်အကူ ဖြစ်စေမယ့် တောင်းဆို အကြံပြုချက်တွေ ထုတ်ပေးဖို့ လိုအပ်ပါတယ်” ဟု MAMM ၏ ဆက်သွယ် ဆောင်ရွက်ရေး တာဝန်ရှိသူ မစ္စ ပရာနွမ် ဆွမ်ဝေါင် Pranom Somwong က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံသား အနည်းဆုံး ၅၀၀ ခန့်ကို ထိန်းသိမ်းထားသည့် အဆိုပါ စခန်းအတွင်း တိရစ္ဆာန် အညစ်အကြေးမှ ဖြစ်ပွားတတ်သည့် Leptospirosis ဗိုင်းရပ်စ်ပိုးကြောင့် ယခုလ ၁၂ ရက်နှင့် ၁၇ တို့တွင် Thang Hoih Ping (၂၁ နှစ်) နှင့် Sa La Hin (၂၆ နှစ်) တို့ သေဆုံးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းအများစု ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၂၄ ဖွဲ့၏ Global joint statement တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူနှင့် မလေးရှားအစိုးရက သေဆုံးသွားသူ ၂ ဦးအတွက် လျော်ကြေးငွေကို ၎င်းတို့၏ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်စေလိုကြောင်း ထုတ်ပြန်ချက်အတွင်း အကြံပြုတောင်းဆိုထားပြီး တာဝန်ရှိသူများကို ဖော်ထုတ်ပြီး ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ်များ ချမှတ်ပေးရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသေးသည်။ နိုင်ငံတဝန်းရှိ ထိန်းသိမ်းရေး စခန်း ၂၂ ခုလုံး၏ သန့်ရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ကို တိုးတက် ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် မလေးရှားအစိုးရ အပါအဝင်၊ ပြည်သူ့ ကျန်းမာရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည်ထဲရေးဌာနသို့လည်း တရားဝင် စာပို့တောင်းဆိုထားကြောင်း အဆိုပါ အဖွဲ့အစည်း ၁၂၄ ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သူ မစ္စ ပရာနွမ် ဆွမ်ဝေါင်က ပြောသည်။ ထို့အပြင် လက်နက်ကိုင် ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းထားသော RELA အဖွဲ့သည် အဆိုပါ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းစခန်းများတွင် အစိုးရ ဆုံးဖြတ်ချက်များဖြင့် ရဲတပ်သားများထက် ပို၍ပင် လုပ်ပိုင်ခွင့်များ အပြည့်ရထားပြီး မသင်္ကာသူ မည်သူ့ကိုမဆို အချိန်မရွေး ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခွင့် ရှိသော်လည်း စနစ်တကျ သင်တန်းတက်ထားသူများ မဟုတ်ကြောင်း သူက ပြောသည်။ ထိန်းသိမ်းရေး စခန်းများတွင် ကျွေးမွေးသော အစားအစာနှင့် သောက်သုံးရေများ၏ သန့်ရှင်းမှုနှင့် အန္တရာယ် ရှိ၊ မရှိကိုလည်း ကျန်းမာရေးဌာနက ပုံမှန်ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်ရန် နိုင်ငံတကာ အဖွဲ့အစည်း ၁၂၄ ဖွဲ့၏ ယမန်နေ့ ပူးတွဲ ထုတ်ပြန်ချက် အတွင်း၌ တောင်းဆိုထားသည်။ ပြီးခဲ့သည့် ၆ နှစ်အတွင်း မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် သေဆုံးခဲ့သူ တရားမဝင် နိုင်ငံခြားသား ဦးရေ ၁၃၀၀ ရှိကြောင်းနှင့် အများစုမှာ လူဝင်မှု ကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ဖြစ်ကြောင်း မလေးရှား လူ့အခွင့်အရေး ကော်မရှင် Human Rights Commission of Malaysia - Suhakam ၏ အကြီးအကဲ Datuk N. Siva Subramaniam က ပြောကြားကြောင်း ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် Star သတင်းဌာနက ဖော်ပြခဲ့သည်။ |
Thursday, May 28, 2009
Kachin refugee Comittee kaw nna woi awn let N dai zawn Myusha ni hpe H1N1 ana zinli a lam hkaw tsun
Ndai H1N1 ana gaw grai hkrit tsang ra ai lam,
Malaysia kaw nga ai Wunpawng tsin yam ni hpe nta dep hkan sa du nna hpaji jaw hkaw tsun ai lam galaw nga ai lam chye lu ai,
Tuesday, May 26, 2009
Num Manu rawt sai
La manu rawt ai gaw ai gaw moi hpakant prat e she rai sam sai.
Monday, May 25, 2009
Shiga
Malaysian churches call to free Aung San Suu Kyi
The Council of Churches of Malaysia joins churches around the world in strongly condemning the arrest and trumped-up trial of the Nobel Prize Laureate, Aung San Suu Kyi by the military government of Myanmar.
Freedom has been denied her and the people of Myanmar as she has become the victim of political repression. The trial in court is meant to meet out a judgement that will extend her house arrest for many more years and bar her from meaningful participation in the forth coming elections.
Aung San Suu Kyi is a symbol of courage and hope for the people of Myanmar and for the rest of the world. She is an ambassador of passive resistance for democratic change.
Therefore, we urge Asean countries, and most especially our government and the rest of the international community to exert pressure on the military government to release Aung San Suu Kyi unconditionally and to restore democracy in the country.
We stand in solidarity and prayer with the people of Myanmar who are striving with great faith and hope to be able to live as a democratic and peaceful nation.
REV. DR. THOMAS PHILIPS
President, Council of Churches of Malaysia
20th May 2009